ပြည်ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းအခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာနှင့် ပေါက်ခေါင်းမြို့နယ်ရှိ အိုးတင်းကုန်းရွာ၊ ပျားထိုးကျွန်းရွာ၊ တောင်လည်ကျေးရွာများတွင် ကွမ်းကို အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချကြပါသည်။ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များအနက် ပေါက်ခေါင်းမြို့နယ်သည် ကွမ်းအများဆုံးထွက်ရှိသည့် မြို့နယ်ဖြစ်သည့်အတွက် ထွက်ရှိလာသောကွမ်းများကို ပြည်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကြပါသည်။

      ပြည်ဈေးကွက်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်ပြီး ရောင်းချကြောင်းသိရသည်။ ဧပြီလ ပထမပတ်တွင် လက်ရွေးစင် (ချစ်သမီး)ကွမ်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ရွေးကျ (ကြီး) ကွမ်းတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ရွေးကျ (သေး) ကွမ်းတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး မေလ နောက်ဆုံးပတ်တွင် လက်ရွေးစင် (ချစ်သမီး)ကွမ်းတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ရွေးကျ (ကြီး) ကွမ်းတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊ ရွေးကျ (သေး) ကွမ်းတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး နွေရာသီအပူဒဏ်ကြောင့် ကွမ်းအထွက်နှုန်းကျဆင်းပြီး ဈေးကွက်အတွင်း ဝင်ရောက်မှု နည်းပါးသောကြောင့် ဈေးကောင်းရရှိလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)