စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူနှင့်အာလူး

Powered by Drupal

      ပြည်ဈေးကွက်၌ စားဖိုချောင်သီးနှံဖြစ်သော ကြက်သွန်ဖြူနှင့်အာလူးသီးနှံများမှာ ဒေသတွင်းထွက်ရှိမှုမရှိသည့်အတွက် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လျက်ရှိပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)ကို ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမှဝင်ရောက်ပြီး (ကြူကုတ်)ကို မန္တလေးမှဝင်ရောက်သည့်အပြင် နီးစပ်ရာရန်ကုန်မြို့မှလည်း ဝင်ရောက်လျက်ရှိပါသည်။ အာလူးကို မန္တလေးဘက်မှအဝင်ရှိသော်လည်း ရှမ်းပြည်နယ်၊ တောင်ကြီး အောင်ပန်းမှ အဝင်ပိုများလျက်ရှိပါသည်။

      ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ဈေးနှုန်းများအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ) လက်လီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) လက်လီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဈေးနှုန်းရှိပါသည်။ အာလူးဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၂၈၀၀ကျပ်ဈေးနှုန်းရှိပြီး အာလူးမှာ ဈေးကွက်အတွင်း လက်ကျန်နည်းနေသည့်အတွက် ယခင်ဈေးထက် တစ်ပိဿာလျှင် ၂၀၀ကျပ်ဖြင့် ဈေးအနည်းငယ်ပိုနေပါသည်။ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းနှင့် မန္တလေးမှ ကြက်သွန်ဖြူများ ရက်ခြား၍ တစ်အိတ်လျှင် ပိဿာ (၁၅-၁၆) ဝင်ဆံ့သောအိတ် (၅၀-၆၀) အဝင်ရှိပြီး အာလူးအနေဖြင့် တစ်အိတ်လျှင် ပိဿာ၃၀ဝင်ဆံ့သော အိတ်၅၀ကျော် ရက်ခြားအဝင်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)