ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး စားအုန်းဆီဖြန့်ဖြူးမှု ညှိနှိုင်းအစည်းအဝေးတက်ရောက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးသည် ဇွန်လ ၃ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပသောနေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက် ခဲ့ပါသည်၊၊

    အဆိုပါအစည်းအဝေးကို ရုံးချုပ် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေးရာဌာနခွဲ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများ တက်ရောက်ခဲ့ပြီး စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ စားအုန်းဆီတင်သွင်းမှုဖြန့်ဖြူးရောင်းချမှု သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေး၍ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကုမ္ပဏီများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက်ဖြန့်ဖြူးပေးရမည့် စားအုန်းဆီများကိုအချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ တိုင်း/ပြည်နယ်ဦးစီးမှူးများကလည်း အရေအတွက်ပြည့်မီရေး အချိန်မီရောက်ရှိရေးနှင့် အထက်ဌာနများသို့ ပြန်လည်တင်ပြသွားရန်နှင့်ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာပါက အချိန်နှင့် တစ်ပြေးညီတင်ပြရန်ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)

a