ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအနေဖြင့် ဒေသထွက်ကုန်များ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရန်အတွက် ညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စု (၈) စုတွင် ပါဝင်သည့် ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့် အချက်(၇)ချက်ဖြစ်သည့် ကုန်စည် အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များကို ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်  အခြား ဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များပြည့်စုံမှု ရှိ/မရှိ  ကို စစ်ဆေး၍ ခွင့်ပြုခဲ့သော ဒေသထွက်ကုန် ကုန်စည်အမျိုးပေါင်း (၁၀၀၀) ကျော်ရှိပါသည်။

   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနမှ သတ်မှတ်ထားသောကုန်စည်အုပ်စု (၈) စုအနက် လာရောက်လျှောက်ထားသည့်ကုန်စည်များတွင်  အစားအသောက်များ ၊ အလှကုန်များ ၊ လူသုံးကုန်ပစ္စည်များကို အများဆုံးစိစစ်ခွင့်ပြုခဲ့ရာ ပုသိမ်ခရိုင်မှ ပထမအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ဟင်္သာတခရိုင်မှဖြစ်ပါသည်။

DOCA(ဧရာဝတီ)

a