
ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ်၊ ဇွန် လ ၅ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကော့သောင်းမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်(၂၆)ဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များမှ ပြည်သူများကို စားအုန်းဆီများ ရောင်းချပေးခဲ့ရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်း၊ အလေးချိန်တွယ်မှန်ကန်မှု ရှိ/မရှိ အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)