၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊နေ့လယ် (၁၅:၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သို့ရောင်းချပေးသော စားအုန်းဆီ ပေပါ၅၀ (သို့) ပိဿာ ၅၅၀၀ သည် ရန်ကုန်မြို့မှ 2G-6407 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ဆောင်ရေးသို့ ရောက်ရှိလာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါစားအုန်းဆီများသည် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြိတ်ခရိုင်ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ရောင်းချပေးသော စားအုန်းဆီဖြစ်ပြီး ၎င်းစားအုန်းဆီများအား မြိတ်မြို့အတွင်းရှိ လက်လီအထိုင်စနစ်ဖြင့် ရောင်းချနေသည့် စားသုံးဆီဆိုင် (၄၁) ဆိုင်သို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ပြည်သူများသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)