Cisco သည် AI လုပ်ငန်းများတွင် အစုရှယ်ယာဝင်ရန် အလျင်စလိုဆောင်ရွက်နေသော နည်းပညာကုမ္မဏီများစာရင်းတွင်ပါဝင်ပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ ၄ရက်နေ့ (အင်္ဂါနေ့) တွင် Cisco ကုမ္မဏီသည် ညဏ်ရည်တုတီထွင်မှုများတွင် အမေရိကန်ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံခဲ့သည်။
ကုမ္မဏီသည် Cohere, Mistral AI နှင့် Scale Ai ကဲ့သို့သော AI လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် စီစဥ်နေပြီဖြစ်ပြီး ၎င်းအတွက် ရန်ပုံငွေသန်း၂၀၀ရင်းနှီးမြှုပ်နှံရန်အတွက် ကတိပြုထားပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
AI data startup Scale AI သည် အမေရိကန်ဒေါ်လာ ၁၄ဘီလီယံနီးပါးတန်ကြေးရှိပြီး Foundation model developer များဖြစ်ကြသော Cohere နှင့် Mistral တို့သည် လုပ်ငန်းတစ်ခုလျှင် တန်ဖိုး ၅ဘီလီယံစီရန်ပုံငွေရရှိရန် ရင်းနှီးမြှုပ်နှံသူများနှင့်ဆွေးနွေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။
အဆိုပါ Foundation AI model များသည် ဒေတာပမာဏများစွာကိုအသုံးပြု၍ တည်ဆောက်ထားပြီးကျယ်ပြန့်သော AI ကိစ္စရပ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
Microsoft ကျောထောက်နောက်ခံပြု Open AI သည် ChatGPT ကိုအသုံးပြုသူများနှင့် စတင်မိတ်ဆက်ပေးခဲ့ရာ ၂၀၂၂ခုနှစ်တွင် AI နည်းပညာနှင့်ပတ်သက်၍ လူအများစိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ ထို့နောက် Meta and Amazon ကဲ့သို့သော နည်းပညာကုမ္ပဏီများသည် AI startup အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ကြသည်။
Cisco ကုမ္မဏီသည် ပြီးခဲ့သည့်နှစ်များအတွင်း AI နည်းပညာကို အဓိကထားဝယ်ယူမှုနှင့် ရင်းနှီးမြှုပ်နှံမှုပေါင်း ၂၀ကျော်ပြုလုပ်ခဲ့ပြီး မျိုးဆက်သစ် AI၊ စက်သင်ယူမှုနှင့် AI ပေါင်းစပ်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္မဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
DOCA(ရန်ကုန်)