ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ FDA နှင့် ပူးပေါင်း၍ ဆေးရုံရှိ ဆေးကောင်တာနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊  မြို့နယ်တာဝန်ခံသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ FDA ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဇွန်လ (၃) ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ဆေးရုံရှိ ဆေးကောင်တာနှင့် မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးကောင်တာနှင့် မြို့ပေါ်ရှိဆေးဆိုင်များအား ဆေးယဉ်ပါးမှု မဖြစ်စေရန်အတွက် ဆေးကဒ်နမူနာပြ၍ ဝယ်ယူခြင်းများအား မရောင်းချရန်နှင့် ဆေးစာအုပ်ပြ၍ ဝယ်ယူမှသာရောင်းချပေးရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)