ရွှေဘိုခရိုင် ဆီကုန်သည်အသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်သည့် တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိသည့်အပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး အတွက် အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ ဖွဲစည်းထားသည့် အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ် တာဝန်ခံတို့သည်  (၃.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် ဆီကုန်သည်အသင်း ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် စားသုံးဆီ သယ်ယူမှု၊ သိုလှောင်မှု၊ ရောင်းချမှုအစီအစဉ်နှင့် ရောင်းချသည့် ဈေးနှုန်းအခြေအနေများကို ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းများနှင့် ပူးပေါင်း၍ စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေးအတွက်  လုပ်ငန်းစဉ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားစာအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)