စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု့၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်၊နံနက်(၀၉:၀၀)နာရီတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှ အများဆုံးဝယ်ယူ ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ၁၄၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင်ကျပ် ၁၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မေလနောက်ဆုံးပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဈေးနှုန်းများအနည်းငယ် ကျဆင်းလျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)