တရုတ်နိုင်ငံ၏ဒုတိယသမ္မတနှင့် Foremost Group ၏ဥက္ကဋ္ဌတို့ ဘေဂျင်းမြို့တွင်တွေ့ဆုံ

Powered by Drupal

       တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Han Zhang နှင့် Foremost Group ၏ဥက္ကဋ္ဌ ဒေါက်တာ James S.C Chao  တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁ရက်နေ့ (တနင်္လာနေ့) တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။

       တရုတ်-အမေရိကန်နှစ်နိုင်ငံဆက်ဆံရေးသည် ယနေ့ကမ္ဘာပေါ်တွင် အရေးကြီးဆုံးနှစ်နိုင်ငံဆက်ဆံရေးတစ်ခုဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအတွက် လက်ရှိ အရေးကြီးဆုံးတာဝန်များမှာ နှစ်နိုင်ငံခေါင်းဆောင်များညှိနှိုင်းထားသော အရေးကြီးသည့်သဘောတူညီမှုများကို ပူးတွဲအကောင်အထည်ဖော်ရန်၊ ကူးလူးဆက်ဆံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများခိုင်မာလာစေရန်၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်ယဥ်ကျေးမှုတို့ကိုတည်ငြိမ်လာစေရန်နှင့် ခိုင်လုံပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်လျှောက် နှစ်နိုင်ငံဆက်ဆံရေးကို တွန်းအားပေးရန်တို့ဖြစ်ကြောင်း ဒုတိယသမ္မတHan Zhang ကပြောကြားခဲ့သည်။

         တရုတ်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သူ၊ သက်သေအဖြစ် ပံ့ပိုးကူညီသူဖြစ်သော Foremost Group သည် တရုတ်-အမေရိကန်ဆက်ဆံ‌ရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်နိုင်ရန်အတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများအား ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဟုမျှော်လင့်ကြောင်း Han က ဆက်လက်ပြေားကြားခဲ့သည်။

   တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင်ရရှိခဲ့သည့် ကြီးကျယ်သောအောင်မြင်မှုများအကြောင်းကို အလေးအနက်ထားပြောကြားပြီးနောက် တရုတ်စျေးကွက်ကို ဆက်လက်၍ နက်နက်ရှိုင်းရှိုင်းစူးစမ်းလေ့လာပြီး အမေရိကန်-တရုတ်စီးပွား‌ရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးတို့ကို တက်ကြွစွာမြင့်တင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Foremost Group ၏ ဥက္ကဋ္ဌကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)