စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၅)ဦးတို့သည် ၆.၆.၂၀၂၄ ရက်နေ့တွင် ရွှေပြည်သာမြို့နယ် စားအုန်းဆီလက်ကားကိုယ်စားလှယ် ဦးသန့်ဇင်မိုးနှင့် ဦးအောင်ဝင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၄၀/အေ)၊ ဗိုလ်ချုပ်လမ်း၊ (၅/၃)ရပ်ကွက်ရှိ ဦးသန့်ဇင်မိုးဆိုင်နှင့် အမှတ်(၁၀၅၂)၊ ဘုရင့်နောင်လမ်း၊ (၅/၆)ရပ်ကွက်ရှိ ဦးအောင်ကျော်ထွဋ်ဆိုင် သို့ သွားရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာ ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ် အမြတ် (၂)ရာခိုင်နှုန်းတွက်ချက်၍ ဖြန့်ဖြူးရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)