![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11.5_1.jpg?itok=Gz2aQKOL)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၈း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ မြို့ပတ်(၁)လမ်း၊ ချောင်းကူးငယ်ရပ်ရှိ Myet Chel အထည်ချုပ်စက်ရုံသို့ သွားရောက်၍ စက်ရုံတွင်အလုပ်လုပ်ကိုင်နေသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် အခွင့်အရေးများအကြောင်းဟောပြောခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားအကြောင်း ဆွေးနွေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ အစားအသောက်များအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)