တနင်္သာရီတိုင်းဒေသကြီး ကော်ဖီပျိုးပင်များ ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၁၀ ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင်၊ ထားဝယ်မြို့၊ အ.ထ.က(၄) စိုက်ပျိုးမွေးမြူရေးတွဲဖက် အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကောက်ဖီစိုက်ပျိုးရန်အတွက် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်း ကော်ဖီပျိုးထောင်ထားရှိမှု အခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင် တက်ရောက်ခဲ့ပါ သည်။

       အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုး တောင်သူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကော်ဖီစိုက်ပျိုး တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)