မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထက်ပိုင်း ရပ်ကွက်ရှိ ဆန်ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊   အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်  (၅.၆.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်စည်ပင်နှင့်ပူးပေါင်းပြီး အထက်ပိုင်း ရပ်ကွက်ရှိ ဆန်ဆိုင်များအားဆန်ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်၊

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်(၃)ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုး အစားအလိုက် ဈေးနှုန်းဈေးကွက်အခြေအနေနှင့်  စားသုံးသူပြည်သူများ၏ လိုအပ်ချက် အပေါ်မူတည်၍  ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းမြင့်တင်ရောင်းချရန်အတွက် ဆန်များ သိုလှောင် ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်ဆိုင်ပိုင်ရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ ဌာနမှထုတ်ပြန် ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)