ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုးပြည့်အောင်ဆန်စက်အား ၂၀၂၄ခုနှစ် ဇွန်လ၆ရက်နေ့က ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကွင်းဆင်းစစ်ဆေးမှုကို ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုးပြည့်အောင်ဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ဆားမလောက်ကျေးရွာ ရန်ကုန်ကားလမ်းဘေး စိုးပြည့်အောင်ဆန်စက်တွင် စပါး၊ ဆန်အိတ်သိုလှောင်ထားရှိမှုအခြေအနေများ၊ ဆန်၊ စပါး သိုလှောင်ရုံများကို Myroတွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဆန်များကို ဖြန့်ဖြူးရောင်းချ၊ တင်ပို့မှုအခြေအနေများ ကိုလေ့လာပြီး စက်ပိုင်၊ ကုန်သည် စပါးဆန်၊ လက်ကျန်းများ စားသုံးခြင်း၊အခြားသုံးစွဲခြင်း၊ မြို့နယ်၊ တိုင်းတွင်းရောင်းချမှုနှင့် အခြားတိုင်းဒေသကြီးသို့ ရောင်းချမှုများကို စနစ်တကျ စာရင်းပြုစုထားရန် ၊ ဆန်စက်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)