မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ မအူပင်စားအုန်းဆီအရောင်းဆိုင်များအား လစဉ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူခရိုင်၊ မအူပင်မြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၄ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေး၊ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား လစဉ် အပတ်စဉ် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ် ကွက်များနှင့် စျေးများရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိ၊ နေ့အလိုက် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးနေမှုနှင့် စျေးကွက်အတွင်း စားသုံးဆီလုံလောက်မှုရှိစေရေး၊ ဆိုင်များတွင် ပဲလတ်ဆီ၊ ပဲရောဆီ မရောင်း ချရေးတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီများစျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မအူပင်ဆီရောင်း ချနေသောဆိုင်များအား ပဲရောဆီ၊ ပဲလတ်ဆီများကို ရောင်းချခြင်းမပြုရန်နှင့် ရောင်းချနေမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီအရောင်းဆိုင် (၁၂)ဆိုင်တွင် စားအုန်းဆီများကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သိရှိခဲ့ရပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)