ညောင်တုန်းမြို့နယ်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ အပါတ်စဉ် စားဆီအရောင်းဆိုင် များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ညောင်တုန်းမြို့နယ် ၃လမ်းစျေး၊ မင်္ဂလာဈေး၌ ရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ် ဆေးခြင်းကို (၇.၆.၂၀၂၄)နေ့တွင် လိုက်လံဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ စျေးအတွင်း ရှိရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံ စစ်ဆေးခဲ့ကြသည်။

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်း အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ အပါတ်စဉ်အလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကုန်ဈေးနှုန်းတည်ငြိမ် ရေးအတွက် စစ်ဆေးခြင်း၊ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်းရှိ၊ မရှိကိုစစ်ဆေးခြင်း၊ စားဆီအရောင်းဆိုင်များတွင် ပဲရောဆီ၊ ပဲလတ်ဆီရောင်းချမှု ရှိ/မရှိကိုစစ်ဆေးခြင်း၊ ပြည်တွင်းဆီ စားသုံးမှုဖူလုံရေးအတွက် ဆီများကို ဖြန့်ဖြူရောင်းချရာတွင် စနစ်တကျရောင်းချရေး၊ ဆီပေပါရရှိမှု မှတ်တမ်းများ စာရင်းသွင်းပြုစုထားကြပြီး ဆီတစ်နေ့ရောင်းချမှုပိဿာနှင့် မိမိရောင်းချသော နေရပ်၊လိပ်စာနှင့် ဆီဖြန့်ဖြူးရောင်းချမှုများကို စာရင်းပြစုရောင်းချရန်တို့ကို အသိပညာပေးပြီးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)