စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၀.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် ပွင့်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့ မြို့မဈေး၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချစေရေး အသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ပလတ်စတစ်အိတ်အစား အင်ဖတ်၊ ငှက်ပျောဖတ်၊ ကြာဖတ်များနှင့် သတင်းစာစက္ကူများ အစားထိုးသုံးစွဲခြင်းဖြင့် တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချပေးရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် ဈေးသူဈေးသားများအား အသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် ပွင့်ဖြူမြို့ မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်နေသေား စားသောက်ကုန်များနှင့်မှိုတက်နေသော စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိနှင့် ဈေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန် စွာဖော်ပြပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)