တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲများဆောင်ရွက်

Powered by Drupal

               ( ၂.၃.၂၀၂၂ ) ရက်နေ့၊ နံနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကျင်းပရာ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူရေးရာနှင့် ပတ်သက်၍ အကြောင်းအရာများအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

              ဆွေးနွေးဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချမှု၊ မျိုးထုတ်လုပ်မှုလုပ်ငန်းနှင့် ပိုးမွှားကာကွယ်ရေး၊ ပိုးမွှားနှိမ်နှင်းရေး အကြောင်းအရာများကိုလည်းကောင်း၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မွေးမြူရေးနှင့် ကူးစက်ရောဂါကာကွယ်ကုသခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ အခန်း ( ၁၈ ) ပါ ကုန်ညွှန်းအမှတ် အသားဆိုင်ရာအကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း ( ၅၃ ) ဦးနှင့် တောင်သူ ( ၃၀ ) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)