ပဲခူးမြို့အတွင်းရှိ စားသုံးဆီလက်လီလက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်းရှိ စားအုန်းဆီလက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေး ခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာအောင် ဗွီနိုင်းချိတ်ဆွဲထားရှိရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ရောင်းချ ဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)