ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

Powered by Drupal

       ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၃-၆-၂၀၂၄) ရက်နေ့မှ (၉-၆-၂၀၂၄) ရက်နေ့ထိ ဆန်ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ ဝါးခယ်မ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၂၅၇၀) အိတ်၊ ပေါ်ကျွဲ (၅၉၆၀) အိတ်၊ ဧည့်မထ (၁၁၃၇၉၀) အိတ်၊ ဆန်ကွဲ (၂၆၄၈၀) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း(အရှေ့)မြို့နယ်များဖြစ်သော ကျောက်တံခါး၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၂၈၄) အိတ်နှင့် ပဲခူးတိုင်း(အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၅၇၂၅) အိတ်၊ ငစိန် (၁၅၅၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၂၂၀၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)