ဂါဇာတွင်ဖြစ်ပွား‌နေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုအား ကိုလံဘီယာရပ်ဆိုင်းထား

Powered by Drupal

     ကိုလံဘီယာသမ္မတ Gustavo Petro က ဂါဇာတွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုကို ဆိုင်းငံထားမည်ဟု ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ရက်နေ့ (စနေနေ့) တွင်ကြေညာခဲ့သည်။

      ကျောက်မီးသွေးတင်ပို့မှုသည် ဂါဇာကမ်းမြောင်တွင် လူမျိုးတုံးသတ်ဖြတ်မှုရပ်တန့်သွားမှသာ ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း Petro က ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင်ရေးသားခဲ့သည်။ ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်များရုပ်သိမ်းသင့်သည်ဟူသော မကြာသေးမီက အပြည် ပြည်ဆိုင်ရာတရားရုံး၏အမိန့်ကို အစ္စရေးကလိုက်နာမှသာ ကျောက်မီးသွေးတင်ပို့မှုကို ပြန်လည်စတင်နိုင်မည်ဟု Petro က ထုတ်ပြန်ထားသည်။

   ကိုလံဘီယာအမျိုးသားစာရင်းအင်းဌာန၏ အဆိုအရ အစ္စရေးသို့ ကျောက်မီးသွေးတင်ပို့မှုသည် ယမန်နှစ် ပထမ ၈လတွင် ကန်ဒေါ်လာ သန်း၃၂၀ကျော်ရှိခဲ့ပြီး ၎င်းမှာ ၂၀၂၃ခုနှစ်တွင် ‌ဒေါ်လာ၉ဘီလီကျော်တန်ဖိုးရှိသော နိုင်ငံ၏ စုစုပေါင်းကျောက်မီးသွေးတင်ပို့မှု၏ အနည်ငယ်မျှသာဖြစ်ခဲ့ကြောင်းသိရသည်။

      အစ္စရေးနိုင်ငံ၏ ကျောက်မီးသွေး ၅၀ရာခိုင်နှုန်းကျော်ကို ကိုလံဘီယာနိုင်ငံမှတင်သွင်းနေပြီး ထိုကျောက်မီးသွေးအများစုကို ၎င်းတို့၏ဓာတ်အာပေးစက်ရုံများအတွက် အသုံးပြုလျက်ရှိသည်။

   အစ္စရေးသို့ ကျောက်မီးသွေးနှင့် ရေနံတင်ပို့မှုကိုရပ်တန့်ရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအား စည်းရုံးဆွဲဆောင်ရန်ကြိုးပမ်းနေသည့် ပါလက်စတိုင်းအတွက် Global Energy Embargo For The Advocacy Group က ကိုလံဘီယာ၏ဆုံးဖြတ်ချက်သည် ဂါဇာရှိ ၎င်း၏မူဝါဒကိုပြောင်းလဲရန် အစ္စရေးအား ဖိအားပေးနိုင်ကြောင်းထုတ်ပြန်ခဲ့သည်။ ကျောက်မီးသွေးတင်သွင်းမှုမှတစ်ဆင့် လောင်စာဆီတင်သွင်းသော လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများအပေါ်မှီခိုနေသော အနောက်ဘက်ကမ်းရှိ သောအစ္စရေးအခြေချနေထိုင်မှုတွေအပေါ်တွင်လည်း ဖိအားများပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ အစ္စရေးနိုင်ငံ၏ ကျောက်မီးသွေး ၉ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနေသော တောင်အာဖရိကအား ကိုလံဘီယာ၏ ဦးဆောင်မှုနောက်ကိုလိုက်ရန်အတွက် အရေးတကြီးတောင်းဆိုထားကြောင်း အဆိုပါအဖွဲ့၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

Source : Apnews.com

DOCA(ရန်ကုန်)