နှစ်နိုင်ငံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြင့်ရန်သဘောတူညီခဲ့ကြပြီး ရလဒ်ကောင်းများရရှိနိုင်ရန် တရုတ်ဝန်ကြီးချုပ် Li Qiang နှင့် ပါကစ္စတန်ဝန်ကြီးချုပ် Shebbaz Sharif တို့သည် ဘေကျင်းမြို့တွင် ဇွန်လ ၈ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံသည် ၎င်း၏အိမ်နီးချင်းသံတမန်ဆက်ဆံရေးတွင် ပါကစ္စတန်ကို အမြဲဦးစားပေးခဲ့ပြီး ၎င်းတို့၏အစဥ်အလာချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကိုချဲ့ထွင်ရန်နှင့် တရုတ်ပါကစ္စတန်အသိုက်အဝန်းတည်ဆောက်ရေးကို အရှိန်မြှင့် တင်ရန်အတွက် ပါကစ္စတန်နှင့်လက်တွဲဖို့အသင့်ရှိကြောင်း Li က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံတော်အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကိုကာကွယ်ရန်နှင့် စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်သာယာဝပြောရေးတို့ရရှိရန် ပါကစ္စတန်အား အခိုင်အမာထောက်ခံကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန် (CPEC) အဆင့်မြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့်ပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိပြီး စိုက်ပျိုးရေး၊ အာကာသ၊ သတင်းအချက်အလက်နည်းပညာ၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အစရှိသောအခန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ အရည်အသွေးမြင့်ကုန်ပစ္စည်းများကိုတင်သွင်းလိုပြီး ပါကစ္စတန်တွင်ရင်းနှီးမြှုပ်နှံရန် အရည်အချင်းပြည့်မီသော တရုတ်လုပ်ငန်းများကိုပံ့ပိုးကူညီရန်ဆန္ဒရှိကြောင်း LI က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်၏ အယုံကြည်ရဆုံးမိတ်ဖက်နိုင်ငံဖြစ်ပြီး ပါကစ္စတန်၏ စီးပွားရေးနှင့်လူမှုရေးဖွံဖြိုးတိုးတက်မှုတွင် တရုတ်နိုင်ငံ၏ကူညီပံ့ပိုးမှုအား ကျေးဇူးတင်ရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
Belt and Road ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ CPEC ၏ တည်ဆောက်ရေးကိုတိုးတက်စေရန် ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် ယဥ်ကျေးမှု စသည့်နယ်ပယ်များတွင် ဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်မျှော်လင့်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဆွေနွေးပြောကြားပြီးနောက် ဝန်ကြီးချုပ် Li နှင့် ဝန်ကြီးချုပ် Shehbez တို့သည် သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စျေးကွက်စည်းမျဉ်း၊ အသက်မွေးဝမ်းကျောင်းမှု၊ စွမ်းရည်မြှင့်တင်ရေး၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာရွက်စာတမ်းများ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
Source : Xinhua
DOCA(ရန်ကုန်)