ကနေဒါလူမျိုးများသည် ဗီယက်နမ်ဈေးကွက်ကို စိတ်ဝင်စားနေ

Powered by Drupal

     ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကနေဒါစီးပွားရေးလုပ်ငန်းများ၏ အာရုံစိုက်မှုကိုဆွဲဆောင်ရန်နှင့် အရှိန်အဟုန်နှင့်တိုးတက်နေသည့် အာရှဈေးကွက်၌ အခွင့်အရေးများရှာဖွေနေကြသူများအတွက် ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် ကနေဒါနိုင်ငံမှ အေဂျင်စီများနှင့် တိုရွန်တိုမြို့တွင် စီးပွားရေးဆွေးနွေးပွဲကျင်းပရန် ညှိနှိုင်းလျက်ရှိပါသည်။ ကနေဒါနိုင်ငံ၊ ဗီယက်နမ်သံရုံးရှိ ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Tran Thu Quynh က အခမ်းအနားတွင်ဆွေးနွေးမည့် ကျွမ်းကျင်သူများနှင့် ဆွေးနွေးမည့်သူများသည် ဗီယက်နမ်နိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးနှင့်ပတ်သက်၍ အလွန်တန်ဖိုးထားလျက်ရှိကြောင်းမှတ်ချက်ပြုခဲ့ပါသည်။ Quynh က ဗီယက်နမ်နိုင်ငံတွင် စီမံကိန်းများလည်ပတ်လျက်ရှိသူများနှင့် စီမံကိန်းများပြုလုပ်ရန်စီစဉ်နေကြသူများသည် ဗီယက်နမ်နိုင်ငံကိုရင်းနှီးမြှုပ်နှံရန် လုံခြုံသည့်နေရာနှင့် အခွင့်အရေးကောင်းမြောက်များစွာရှိသည့် ဈေးကွက်တစ်ခုအဖြစ် စဉ်းစားလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ကနေဒါစီးပွားရေးလုပ်ငန်းများအား နိုင်ငံခြားတွင်ရင်းနှီးမြှုပ်နှံရန် ပံ့ပိုးပေးလျက်ရှိသည့် နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းများက ဗီယက်နမ်‌ဈေးကွက်သည် အခွင့်အရေးမြောက်များစွာရှိသည်သာမက အစိုးရအဆင့်အကုန်လုံး၏ ထိရောက်သည့်ပံ့ပိုးမှုရသည်ဟု ရှုမြင်ထားကြောင်းသိရပါသည်။ ထို့ပြင် ဗီယက်နမ်သည် တစ်ခြားနိုင်ငံများနှင့်ယှဉ်ပါက နိုင်ငံရေးတည်ငြိမ်မှု၊ ငွေကြေးစွန့်စားရခြင်းနည်းမှု၊ ဈေးကွက်တည်ငြိမ်မှုတို့ရရှိရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။ ကနေဒါနိုင်ငံ၏ အာရှပစိဖိတ်ဒေသဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Christine Nakamura က ဗီယက်နမ်နိုင်ငံသည် အာဆီယံတွင် စီးပွားရေးတိုးတက်မှုအမြန်ဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စွဲဆောင်လျက်ရှိ‌ကြောင်းနှင့် ကနေဒါလူမျိုးများသည်လည်း ဗီယက်နမ်ဈေးကွက်ကို စိတ်ဝင်စားလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမ(၅)လတွင် ကနေဒါနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့တင်ပို့မှုသည် ၂၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကနေဒါနိုင်ငံသည် ဗီယက်နမ်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ် ၁၀ခုနှင့် ကုမ္ပဏီချင်းပူးပေါင်းဆောင်ရွက်မည့်စီမံကိန်း ၁၃ခုထားရှိပြီးဖြစ်ပြီး စီမံကိန်းတစ်ခုချင်းစီသည် အမေရိကန်ဒေါ်လာ ၂သန်းတန်ကြေးရှိကြောင်း အချက်အလက်များအရသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)