တရုတ်နိုင်ငံမှ စည်းကြပ်ခွန်များရုတ်သိမ်းလိုက်ခြင်းကြောင့်တရုတ်နိုင်ငံသို့ သြစတြေးလျဝိုင်တင်ပို့မှုများ မြင့်တက်လာ

Powered by Drupal

     တရုတ်နိုင်ငံဘေဂျင်းမြို့မှ စည်းကြပ်ခွန်များရုတ်သိမ်းပြီးနောက် တစ်လအတွင်း သြစတြေလျဝိုင်ထုတ်လုပ်သူများသည် တရုတ်နိုင်ငံသို့ သြစတြေးလျဒေါ်လာ ၈၆ သန်းတန်ဖိုးရှိသော ဝိုင်များအားတင်ပို့ခဲ့ကြောင်း သြစတြေလျကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

    ၂၀၂၀ ခုနှစ်နိုဝင်ဘာလအထိ တရုတ်နိုင်ငံသည် စည်းကြပ်ခွန်များချမှတ်၍ သြစတြေးလျ နိုင်ငံ၏ဝိုင်တင်သွင်းမှုကို ပိတ်ဆို့ထားခဲ့ပြီး ကုန်သွယ်မှုကိုပြိုလဲသွားစေခဲ့သည်။ ထို့နောက်တရုတ် နိုင်ငံသည် ၎င်းတို့၏စည်းကြပ်ခွန်များအား ၂၀၂၄ မတ်လ ၂၉ ရက်မှစတင်ကာ ရုတ်သိမ်းခဲ့သည်။

  သြစတြေးလျ၏ဝိုင်စျေးကွက်ကို တရုတ်နိုင်ငံတွင်းသို့ အပြည့်အဝပြန်လည်ဝင်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း အချက်အလက်အထောက်အထားများအရ တရုတ်စျေးကွက်အတွင်း၌ သြစတြေးလျနိုင်ငံ၏ ဝိုင်ဝယ်လိုအားများတိုးတက်လျက်ရှိကြောင်း သြစတြေးလျကုန် သွယ်ရေးဝန်ကြီး Don Farrell က သြစတြေးလျတောင်ပိုင်း ဝိုင်စက်ရုံရှိ ဝိုင်စည်ပိုင်းများ ရှေ့တွင်ရပ်ကာ ပြောကြားခဲ့သည်။

      ဧပြီလတွင်တရုတ်နိုင်ငံသို့တင်ပို့ရောင်းချသည့်ဝိုင်များသည် စျေးသက်သာသော စျေးကွက်ထုတ်ကုန်ဝိုင်များထက်ပို၍ သာလွန်ကောင်းမွန်သော ပရီမီယာအဆင့်ဝိုင်များဖြစ်ကြောင်း Don Farrell ကဆက်လက်ပြောကြားခဲ့သည်။

     တရုတ်အမေရိကန်နှင့် ဂျပန်နိုင်ငံတို့တွင် အရောင်းမြင့်တင်နိုင်ရန်အတွက် ဝိုင်ထုတ်လုပ်သောလုပ်ငန်းများအား‌ ဒေတာအချက်အလက်နှင့် စျေးကွက်ရှာဖွေရာရေးကဏ္ဍများအား တိုးတက်လာအောင် ထောက်ပံ့ပေးနိုင်ရန်အတွက် အစိုးရမှဝိုင်လုပ်ငန်းများအား သြစတြေးလျန်‌ ဒေါ်လာ ၃.၅ သန်းအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့သည်။

Source : Marketscreener.com

DOCA(ရန်ကုန်)