မြောက်ဒဂုံမြို့နယ်ရှိ Xe Max Co., Ltd ရှိ ဆေးနှင့်ဆေးပစ္စည်းများ သွားရောက်စစ်ဆေးခြင်း

Powered by Drupal

    အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစိုးဝင်းထွန်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မူမြင့်၊ ဆေးအသင်းမှဒေါက်တာဝင်းမာဖြိုးတို့နှင့် ပူးပေါင်း၍ ၁၂.၆.၂၀၂၄ ရက်  နေ့လယ် (၁၀:၃၀) နာရီတွင်  အမှတ် (၂၈/၉၁၂)၊ အောင်မင်္ဂလာလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ Xe Max Co., Ltd ရှိ ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးရန်   တာဝန်ခံဒေါ်မြတ်သန္တာလှိုင်နှင့် သွားရောက်တွေ့ဆုံ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကုမ္ပဏီသည် အစာအိမ်ဆေးတစ်မျိုးတည်းကိုသာ India မှ တင်သွင်းဖြန့်ချိကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ရန်ကုန်)