![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.1_4.jpg?itok=MGc_blEi)
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချမှုရရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲနိုင်ရန် ဈေးအတွင်း စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များကို ဈေးကွက်စောင့်ကြည့်ကွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(၁၃-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် တာမွေမြို့နယ်၊ တာမွေဈေးနှင့် ဒဂုံညွန့်ဈေးအတွင်းရှိ ဈေးအတွင်း ကုန်စုံဆိုင်များရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြ ထားသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထား သည့် (၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ ထည့်သွင်းဖော်ပြရမည့်အချက်များအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)