မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     ၁၃.၆.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

     ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးက ဝန်ဆောင်မှုဆိုင်ရာ စားသုံးကာကွယ်ရေးအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စားသုံးသူ ကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူများ၏ အခွင့်အရေးများနှင့် တာ၀န်များ၊ စားသုံးသူရပိုင်ခွင့်ရှိသည့် အာမခံချက်များ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ Online Sales နှင့်စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ သိကောင်းစရာကောင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ ကုန်းအညွှန်းအမှတ်အသားပြဌာန်းချက်များအား ဆွေးနွေးခြင်း၊ စားသုံးသူများအ‌နေဖြင့် မိမိ၀ယ်ယူအသုံးပြု‌သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ သတိထားအသုံးပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပါ ပြဌာန်းချက်အား လိုက်နာမှုမရှိသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများမှ သိလိုသည်များအား မေးမြန်းခြင်း ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)