ပြည်နယ်ဦးစီးမှူးမှ စားဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

    ၁၃.၆.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ နေရာအနှံ့ရောက်ရှိအောင် ဖြန့်ဖြူးပေးရန်၊ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုလုပ်ရန် ဆွေးနွေးခဲ့ပြီး စားအုန်းဆီ ဈေးနှုန်းများကို အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်း၍ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များ၌ စားအုန်းဆီများအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)