![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.8_4.jpg?itok=53XbjHZp)
၁၂.၆.၂၀၂၄ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စာသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ နည်းပြဆရာမများနှင့်အတူ သင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်မှ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားမှုအပေါ်ဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများ၊ Online Sales နှင့်ပတ်သက်သည့် သိကောင်းစရာများအား အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သိရှိရသည်။
DOCA(မွန်)