တရုတ်နိုင်ငံကားထုတ်လုပ်သူ Cherry သည် ၎င်း၏ကားမော်ဒယ်အသစ် Cherry TIGGO 5X ကို အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာတွင် ကြာသပတေးနေ့က တရားဝင်မိတ်ဆက်ပေးခဲ့သည်။
“To be Young” ဟူသော ဆောင်ပုဒ်ဖြင့် TIGGO 5X မော်တော်ယာဉ်မော်ဒယ်သစ်သည် လုပ်ဆောင်နိုင်စွမ်းနှင့် တင့်တယ်မှုနှစ်မျိုးလုံးကိုရှာဖွေသော လူငယ်ပညာရှင်များနှင့် မိသားစုများ၏ မျှော်မှန်းချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
TIGGO 5X ကို ဂန္တဝင်ဗားရှင်းအတွက် ၂၃၉,၀၀၀,၀၀၀ရူပီယာ (ခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ၁၄,၇၀၀) မှစတင်ကာ ပထမဦးဆုံးဝယ်ယူသူအယောက် ၁၀၀၀အတွက် အထူးကမ်းလှမ်းချက်ဖြင့် မိတ်ဆက်ခဲ့သည်။
Cherry သည် ဝယ်ယူသူများစိတ်ကျေနပ်မှုရရှိစေရန် သက်တမ်းတိုးအာမခံချက်နှင့် ပြန်လည်ရောင်းချသည့် ဈေးနှုန်းအာမခံချက်တို့အပါအဝင် အကျိုးခံစားခွင့်များစွာကိုလည်းကြေညာခဲ့သည်။
PT Cherry Sales Indonesia (CSI) မှ အမှတ်တံဆိပ်ဌာန၊ အကြီးအကဲ Rifkic Setiawan က Cherry TIGGO 5X သည် ၎င်း၏ပြီးပြည့်စုံသော အင်္ဂါရပ်များနှင့် အရည်အသွေးမြင့်မားမှုတို့ကြောင့် နိုင်ငံအသီးသီးတွင် ကောင်းမွန်သောသက်သေအထောက်အထားများရရှိကာ အကောင်းဆုံးသောဈေးနှုန်းဖြင့် Compact SUV ကားအမျိုးအစားတွင် အင်ဒိုနီးရှားသုံးစွဲသူများ၏ စိတ်ကြိုက်ရွေးချယ်မှုဖြစ်လာမည်ဟု မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ CSI အမှုဆောင်အရာရှိများ၊ အစိုးရအရာရှိများနှင့် အဓိကလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများတက်ရောက်ခဲ့ကြသည်။
Source : Xinhua
DOCA(ရန်ကုန်)