မင်းတုန်းမြို့နယ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေသည် မင်းတုန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၆-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများ သိရှိစေရန်အတွက် စားသုံးသူရေးရာ အသိပညာပေး Talk Show ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ‌ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို (၂၁-၇-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည်ဖြစ်ပါကြောင်း၊ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်လက် မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် လက်မှတ် ရရှိသူ၏တာဝန်များမှာ ရောင်းချသောကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တာဝန်ယူဖြေရှင်း ဆောင်ရွက်ရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံ ချက်များပေးအပ်ရန်၊ ကျသင့်တန်ဖိုးနှင့်ညီမျှသည့်အရည်အသွေးပြည့်မီစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ရောင်းချသောကုန်စည်နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်(သို့) အာမခံချက်များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့်စားသုံးသူကပြန်လည်အပ်နှံလိုပါက သတ်မှတ်ချက်နှင့် ပြန်လည်အပ်နှံ နိုင်သည့်ကာလတို့ကိုသတ်မှတ်၍ ယင်းတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ မှတ်ပုံ တင်လျှောက်ထားစဉ်က ရောင်းချမည့် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းတွင် ပါဝင်ခြင်းမရှိသော ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချခြင်းကို ရှောင်ကြဉ်ရန်၊  ကုန်စည်(သို့)ဝန်ဆောင်မှု ရောင်းချရာတွင် စားသုံးသူကို မထီမဲ့မြင်ပြုခြင်း၊ ဂုဏ်သိက္ခာကို ထိခိုက်စေသော ပြုမူပြောဆိုခြင်းကို ရှောင်ကြဉ်ရန်၊ စားသုံးသူက ငွေပေးချေရန်နည်းလမ်းများနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန်၊ စားသုံးသူထံ ကုန်စည် ပို့ဆောင်မည့်နည်းလမ်းနှင့် သတ်မှတ်ချက်များကို မရောင်းချမီ ကြိုတင်အသိပေးခြင်း၊ ရွေးချယ်ခွင့်ပေးခြင်းနှင့်အညီ ကုန်စည်ပို့ဆောင်ပေးခြင်း ဆောင်ရွက်ရန်၊ စားသုံးသူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်(သို့) စားသုံးသူကမဖော်ပြလိုသော အချက်အလက်များကို ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ အစိုးရဌာန၏ညွှန်ကြားချက်အရဖြစ်စေ ထုတ် ဖော်ခြင်းမှတစ်ပါး ယင်းတို့ကို ထုတ်ဖော်ခြင်းမပြုပဲ ထိန်းသိမ်းရန်၊ အွန်လိုင်းစနစ်‌ရောင်းချခြင်းမှတဆင့် နိုင်ငံရေး၊ လုံခြုံရေးကို ပျက်ပြားစေရန် လှုံ့ဆောင်ခြင်း၊ ဟောပြောခြင်း၊ စည်းရုံးခြင်း၊ အားပေးခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းမှုများ ရှောင်ကြဉ်ရန်၊ မှတ်ပုံတင်လက်မှတ်ကို အခြားသူများသို့ လွှဲပြောင်းခြင်းမှရှောင်ကြဉ်ရန်၊ ပွင့်လင်းမြင်သာစွာရောင်းချရန်၊ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရ၊ အဖွဲ့အစည်းက ချမှတ်သောစည်းကမ်းများ တိကျ စွာလိုက်နာရန်၊ ဝန်ကြီးဌာန၊ ဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းများ လိုက်နာရန် စသည့်အချက်များကို ဟောပြောခြင်းများ၊ မည်သူမဆို မှတ်ပုံတင်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပ‌ဒေ ပုဒ်မ၅ အရ အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ပါကြောင်း အသိပညာပေး(TalkShow)ဖြင့် ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)