စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၀-၆-၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့နယ် မင်းရွာကိုင်းကျေးရွာရှိ ဦးတင့်ခိုင် (ABC) စက်သုံးဆီဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် သုံးစွဲသူပြည်သူအများ စက်သုံးဆီဝယ်ယူမှုအဆင်ပြေစေရေး၊ စက်သုံး ဆီများ ဖြန့်ဖြူးရောင်းချရာ၌ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား အခြေခံ၍ သတ်မှတ်ရည်ညွှန်းဈေးထက်ပိုမိုဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေသည့် စက်သုံးဆီဈေးနှုန်းများအား အများ ပြည်သူမြင်သာအောင် သိရှိစေရန် (LED Board)ဖြင့် ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေးနှင့် ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တက်နေခြင်း၊ စက်သုံးဆီပြတ်လပ်မှုများရှိနေသည့်အတွက် သုံးစွဲသူအများပြည်သူများ လွယ်လင့်တကူဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်း ဈေးထက်အဆမတန်မြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်နှင့် ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးမှုများကိုလည်း ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်သဖြင့် သတိပြုရောင်းချသွားရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)