ပခုက္ကူမြို့ပေါ်၌ ဖြစ်ပေါ်နေသော မုန့်ဟင်းခါး၊ ခေါက်ဆွဲခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်းရှိ အခြေခံစားကုန်များရောင်းချလျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်နှင့်အမျှ ကုန်စိမ်းဟင်းသီးဟင်းရွက်များအပြင် အခြေ ခံစားကုန်တစ်မျိုးဖြစ်သော ခေါက်ဆွဲခြောက်ထုပ်များလည်း  အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ရွှေဒင်္ဂါး၊ စွမ်းထက် မုန့်ဟင်းခါးခြောက်(ဆန်ပြား၊လုံးရှည်)နှင့် ခေါက်ဆွဲခြောက်များဝင်ရောက်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ  သိရှိရပါသည်။

    ဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ရွှေပုဇွန်မုန့်ဟင်းခါးခြောက် တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ရွှေပုဇွန်မုန့်ဟင်းခါးခြောက် အစည်း(၅၀)ပါ တစ်ထုပ်လျှင် ကျပ်(၆၀၀၀၀)၊ တစ်စည်းလျှင် ကျပ်(၁၃၀၀)၊ (ဆန်ပြား)အကျိုး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)နှင့် ရွှေဒင်္ဂါး(၂၅)စည်းပါ တစ်ထုပ်လျှင် ကျပ်(၁၆၆၀၀)၊ တစ်စည်းလျှင် ကျပ်(၆၀၀)၊ စွမ်းထက်ခေါက်ဆွဲခြောက် (၅၀)ကျပ်သား တစ်စည်းလျှင် ကျပ်(၃၅၀၀)၊ (၂၅)ကျပ်သား တစ်စည်းလျှင် ကျပ်(၁၈၀၀)၊ (၂၀)ကျပ်သား တစ်စည်းလျှင် ကျပ် (၁၅၀၀)၊ ခေါက်ဆွဲစက်ကျအကျိုး တစ်ပိဿာထုပ်တစ်စည်းလျှင် ကျပ်(၅၀၀၀)၊ (၁၀)ကျပ်သား တစ်စည်းလျှင် ကျပ်(၅၀၀)၊ ဒုံးပျံ ခေါက်ဆွဲခြောက် တစ်ပိဿာလျှင် ကျပ်(၂၈၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်မေလ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးနှုန်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

      မုန့်ဟင်းခါး၊ ခေါက်ဆွဲခြောက်များကို  မုံရွာမြို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ စားသုံးသူများ ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူစားသုံးရခြင်းဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ ယခု ဇွန်လ (ဒုတိယပတ်)တွင် နယ်မြေအခြေအနေအရ ပခုက္ကူမြို့နှင့် ဆက်စပ်လျက်ရှိသော မြိုင်၊ ရေစကြို၊ ယောဒေသ ကျေးရွာများမှ ဆက်သွယ်ရေးခက်ခဲမှုအခြေအနေကြောင့် ကုန်ကားများ ဝင်ရောက်မှုနည်းသော်လည်း ဇွန်လဆန်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်ချိန်ဖြစ်၍ ကျောင်းဈေးတန်းတွင် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ပြုလုပ်ရောင်းချမှုများ၍ ယခင်မေလထက် အရောင်းအဝယ်သွက်ကြောင်း၊ တစ်ရက်လျှင် ခေါက်ဆွဲခြောက် ပိဿာ(၁၅၀-၂၀၀)၊ တစ်လပိဿာ ပျမ်းမျှ(၄၀၀၀)ခန့်၊ မုန့်ဟင်းခါးခြောက် ပိဿာ(၄၀-၆၀)၊ တစ်လပိဿာပျမ်းမျှ(၁၂၀၀)ခန့်၊ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့မဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ  သိရှိရပါသည်။

DOCA(မကွေး)