မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍  စျေးကွက်အတွင် တရားမဝင်ဆေးဝါးနှင့်ဆေးဝါးအတုများ ရောင်းချမှုမရှိစေရေး အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင် (၇) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ကြေငြာထားသော တရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတု (၁၄) မျိုးအား  ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိအား  ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အဆိုပါ တရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတု (၁၄) မျိုးအား ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)