အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းရှင်းလင်းပွဲအခမ်းအနားကို ၁၄.၆.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ စီမံကိန်းကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
စီမံကိန်းအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၃၈၄)သန်းဖြင့် ရှမ်းပြည်နယ်အတွင်းတွင်ရှိသည့် ကျေးရွာ(၃၂)ခုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းတွင် လုပ်ငန်းစဉ်(၁၂)ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပြည်နယ်ကြီးကြပ်မှုကော်မတီဥက္ကဌအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဥက္ကဌအဖြစ်ဆောင်ရွက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ပအိုဝ်း/ဓနု)များမှ တာဝန်ရှိသူများမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ ပြည်နယ်/ခရိုင်အဆင့် ကြီးကြပ်ရေးကော်မတီ တွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်းသတင်းရရှိပါသည်-
(က) ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား၏ စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရန်။
( ခ ) ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်။
( ဂ ) အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများ ဝင်ငွေတိုးပွားစေရန်။
(ဃ) ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင် စေရန်။
( င ) အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုတက်လာစေရန်။
( စ ) ဘိန်းအစားထိုး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်။
DOCA(ရှမ်း)