ပန်းတနော်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် (၁၃.၆.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

     အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ)နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်း (စားသုံးသူရေးရာဦးစီးဌာန) အဖွဲ့စုံတို့သည် ပန်းတနော် နေနတ်သားဆန်စက်" ၊ တိုင်းချစ်ဝင်း ဆန်စက်"၊ ဖိုးလမင်း ဆန်စက်" များသို့ ကွင်းဆင်းစစ်ဆေး၍ ဆန်စက်များရှိ ဆန်ရောင်းချ/တင်ပို့မှုအခြေအနေ၊ ဆန်များအား သိုလှောင်ထားခြင်းမပြုရန်၊ အသိပညာပေးခြင်းများပြုလုပ်ခဲ့ပြီး၊ ပန်းတနော် အခြေခံစားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ဈေးကစားခြင်းများမပြုလုပ်ပဲ ရောင်းချရန်၊ ပန်းတနော် မြို့ပေါ်ရှိ ဆန်ဆိုင်(၈)ဆိုင်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)