“ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး”

Powered by Drupal

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်းလျက် ဇွန် ၁၇ ရက်၊  နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျောက်မဲမြို့၊ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးပြင်ပရှိ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် စားသောက်ကုန်အရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် စားသုံးသူများ နေ့စဉ် သုံးစွဲလျက်ရှိသည့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံခြင်း ရှိ/မရှိကို လည်းကောင်း၊ အမျိုးသားအစားအသောက်ဥပဒေအရ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများအား ရောနှောဆီအဖြစ် ပြန်လည်ရောစပ်ရောင်းချရာတွင် အရည်အသွေး၊ အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်အမိန့်အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီခြင်းရှိမရှိကိုလည်းကောင်း၊ ၎င်းအပြင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် ကုန်စည်တွင်ပါရှိရမည့် အချက်အလက်များကိုလည်းကောင်း စားသုံးသူအရေး ရှေးရှု၍ အသေးစိတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     ဈေးကွက်အတွင်း DUCK ၊ LOTUS၊   Goody၊ Good Choice ၊  Meizan စသည့် ဟင်းသီးဟင်းရွက်ဆီများ၊ အမေထွား၊ စိန်စီ၊ ဟိန်းစသည့် ပဲဆီသန့် အမှတ်တံဆိပ်အမျိုးမျိုးနှင့် mayra (နေကြာဆီ)တို့ကို ဖြန့်ဖြူးရောင်းချနေကြောင်း သိရပြီး ၎င်းအမှတ်တံဆိပ် ကုန်စည်များသည် သတ်မှတ်ကုန်အညွှန်းများ ပြည့်စုံစွာ ပါဝင်ကြောင်း  သိရှိရသည်။

DOCA(ရှမ်း)