စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး လက်အောက်ရှိ ခရိုင်/မြို့နယ်ရုံးများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား အလေးထား ဆောင်ရွက်လျက်ရှိရာ 2024 ခုနှစ်၊ ဇွန်လ ပထမပတ်နှင့် ဒုတိယပတ်အတွင်း ဒုတိယပြည်နယ်ဦးစီး မှူးရုံးမှ လားရှိုးမြို့ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအားတွေ့ဆုံ၍ စားအုန်းဆီများအား ဈေးကွက်အတွင်း  စားသုံးသူပြည်သူများထံ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးအားလည်းကောင်း၊ ကြယ်စင်ဟိန်း ဆေးအရောင်းဆိုင်လုပ်ငန်းရှင်အားတွေ့ဆုံ၍ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

         ထို့အပြင် ခရိုင်ဦးစီးမှူးရုံး၊ ကျောက်မဲမြို့မှလည်း ဒေါ်တင်စိန် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း ရှင်အားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်အမှတ်အသားဆိုင်ရာများနှင့်စပ်လျဉ်း ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)