ကုန်အညွန်းအမှတ်အသား သိရှိရေး ပြည်သူများသို့ ဟောပြောဆွေးနွေး အသိပညာပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံသည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၁၃.၆.၂၀၂၄) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် အလုပ်သမားများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့တော်ခန်းမ အတွင်း၌ စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးထိုက်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မြို့နယ်တာဝန်ခံက  စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄) ချက်ရှိကြောင်း ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက် များကို ပြည့်စုံစွာ ထည့်သွင်း ဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ၊စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်သည့် DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website ဖြစ်သည့် www. doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No.1535အား ရုံးချိန်အတွင်း ဖွင့်လှစ်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။

     စားသုံးသူမိဘပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သတိထားမှတ်သားရမည့် အချက်များအကြောင်းနှင့် စားအုန်းဆီရဲ့ ကျန်းမာရေးအကျိုးပြုပုံအကြောင်းကို အသိပညာပေးခဲ့ရာ ပြည်သူများအား စုစုပေါင်း(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ 

DOCA(စစ်ကိုင်း)