စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားအုန်ဆီများရောင်းချပေးခြင်းကို ၂၀၂၄ခု ဇွန်လ ၁၅ရက် နံနက် (၀၇:၃၀)နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်ဆီလုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်း၍ လာရောက်ဝယ်ယူသူ ဝန်ထမ်းများ အလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ တစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သား ၃၀၅၀နှုန်းဖြင့် ၃၅၂ ပိဿာကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)