တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့နှင့် (၁၇)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တို့မှ MV-ရတနာထိန်လင်း ရေယာဉ်၊ MS-ပြည့်ဖြိုးအောင်(၉) ရေယာဉ်တို့ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် (၁၉.၆.၂၀၂၄) ရက်နေ့တွင် MV-ရတနာ ထိန်လင်း ရေယာဉ်ဖြင့် ဆန်တန်(၅၅၀)၊ အိတ်ရေ(၁၁၀၀၀)နှင့် MV-စန္ဒီ(၁) ရေယာဉ်ဖြင့် ဆန်တန် (၁၅၀)၊ အိတ်ရေ (၃၀၀၀) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်စေရေး ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)