မြောက်ဒဂုံမြို့နယ် ဒဂုံရွှေပြည်ဈေးအတွင်း စားအုန်းဆီများရောင်းချနေမှုစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းသည် မြောက်ဒဂုံမြို့နယ်၊  ဈေးစည်ပင်သာယာရေးကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ဒဂုံရွှေပြည်ဈေးနှင့် ရပ်ကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့တွင် ပူးပေါင်းအဖွဲ့ များဖြင့်   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။          

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရီုင်ဦးစီးမှူးက သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ခစရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ရောင်းချစေရေး၊ စာအုန်းဆီများအား  ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ စားအုန်းဆီများ သိုလှောင်ထားခြင်းရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားအုန်းဆီများကို ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်းနှင့် တရားမဝင်ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများကို စိစစ်တွ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျ လိုက်နာပေးစေလိုကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)