အင်ဒိုနီးရှားနိုင်ငံနှင့်ချီလီနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာသဘောတူညီချက်များရရှိ

Powered by Drupal

   အင်ဒိုနီးရှားနိုင်ငံနှင့်ချီလီနိုင်ငံတို့သည် အစဉ်အလာမရှိသည့် ဈေးကွက်များ အထူးသဖြင့် လက်တင်အမေရိကတွင် ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့် အခွင့်အရေးများ တိုးချဲ့သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား-ချီလီကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သ‌ဘောတူညီချက်အရ သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Jerry Sambuaga က ချီလီနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ရရှိသည့် ပထမဆုံး လက်တင်အမေရိကနိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသ‌ဘောတူညီချက်သည် နှစ်နိုင်ငံလုံးအတွက် အကျိုးကျေးဇူးရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Sambuaga က နှစ်နိုင်ငံအကြားဝန်ဆောင်မှု၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အိမ်ရာစီမံကိန်းများပါဝင်သည့် မြောက်များစွာသော ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၁၆၀.၇ ရာခိုင်နှုန်းမှ ၂၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ချီလီနိုင်ငံအပေါ်တွင် အမေရိကန် ဒေါ်လာ ၁၇၃.၄ သန်း ကုန်သွယ်ရေးပိုငွေပြခဲ့ကြောင်း သိရပါသည်။၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ချီလီနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၁၂.၆ သန်းပမာဏတင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၁၇၃.၄ သန်း ပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် သတ္တုတွင်းထွက် ပစ္စည်းများ၊ ကြေးနီ၊ ဓာတုထုတ်ကုန်များ၊ ကားအစိတ်အပိုင်းပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း အစိတ် အပိုင်းများ၊ အစားအစာ၊ စားအုန်းဆီနှင့်အခြားပစ္စည်းများကို ချီလီနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါ သည်။ ချီလီနိုင်ငံ၏ နိုင်ငံတကာစီးပွားရေးဆက်သွယ်မှု ဒုတိယဝန်ကြီး Claudia Sanhueza က အင်ဒိုနီးရှားနိုင်ငံနှင့် ချီလီနိုင်ငံတို့မှာ အားကောင်းသည့်မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ကုန်သွယ်ရေး သဘောတူညီချက်ကို စောစီးစွာချုပ်ဆိုထားပြီးဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးမှုများမှာ ပိုမိုအဆင့်မြင့်ပြီး အားကောင်းသော စီးပွားရေးဆက်နွယ်မှုဆီသို့ အရှိန်ဟုန်ဖြင့်တိုးတက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Antara News

DOCA(ရန်ကုန်)