စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်း(မြောက်)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ၊ ဒုတိယပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အခြားမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် လားရှိုးမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကား ရောင်းချနေသောဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာလာအောင် ဗီနိုင်းချိတ်ဆွဲထားရန်၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချရန်၊ ဘူးသွင်းဆီရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)