ဗန်းမော်မြို့၊ အ.ထ.က(၅)တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ

Powered by Drupal

       ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၁၇.၆.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးသိကောင်းစရာများအကြောင်းတို့ကို ပြောကြာခဲ့ပြီး ဆက်လက်၍  စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ တာရှည်ခံဆေးနှင့် တားမြစ်ဓါတုဆေး များအကြောင်း၊  အစားအသောက်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ပါရှိသော အစားအစာများကိုသာဝယ်ယူသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို သေချာစွာ ကြည့်ရှုသင့်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုူံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုနည်းလမ်းများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ် ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။

        ဟောပြောပွဲသို့ ဆရာ/မ (၁၇)ဦး ကျောင်းသား/ကျောင်းသူ(၂၉၃)ဦး စုစုပေါင်း (၃၁၀)ဦးတက် ရောက်ခဲ့ပါသည်။

DOCA(ကချင်)