မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး‌‌ဟောပြောခြင်း

Powered by Drupal

       စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၁၇.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၇) အတွင်းရှိ စားသုံးသူပြည်သူ(၂၅)ဦးအာ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးများ ဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်းစသည့်အချက်များ၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့်လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းစသည့် အချက်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်လည်း တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ AI နည်းပညာနှင့်စိန်ခေါ်မှုများ၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို စားသုံးသူအသုံးပြုမှုများပြီး ထိခိုက်နစ်နာနိုင်ခြေမြင့်မားခြင်းနှင့် ဘေးအန္တရာယ် ရှိမှုအခြေအနေများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင်လည်း သတိထားရမည့်အချက်များကို  အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)