ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

        စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၇.၆.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး ကော်မတီရုံးခန်း၌ လက်လီ/လက်ကား ကုန်စုံဆိုင်ရောင်းချသည့် လုပ်ငန်းရှင်(၆)ဦးအား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် ဦးတင်မောင်ထွန်း(ရုံးအုပ်) မှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား‌ရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်‌ဆောင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေလုပ်ငန်းရှင်၏ တာဝန် (၁၁) ချက်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊  ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်‌‌ပေးခြင်း၊ ကုန်စည်များတွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာြဖင့် ကုန်အညွှန်းအမှတ်အသား‌ ဖော်ပြရမည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)