![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bo3.png?itok=KhYpN_aw)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့ အမှတ်(၂)ရဲစခန်း၊ စခန်းမှူး ရဲအုပ်ကောင်းဟန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးခေါင်း(၄) ဦးဆန်းသွင်အောင်၊ အမှတ်(၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက တောင်ငူမြို့ မြို့မဈေးကြီးနှင့် ဈေးလမ်းရှိ စားသုံးဆီအရောင်းဆိုင်များ သို့ သွားရောက်၍ အမှတ်တံဆိပ်ပါစားသုံးဆီများ၍ ကုန်အညွှန်းအမှတ်အသားများအား ဥပဒေ ပြဌာန်းချက်များ၊ အမိန့်၊ ညွန်ကြားချက်များနှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်များနှင့်အညီဖော်ပြသော စားသုံးဆီများကိုသာ ရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီများ ကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးသာရောစပ်ရန်၊ ရောစပ်ရာတွင် ဟင်းသီး ဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ ရာခိုင်နှုန်း ဖြစ်ရန်၊ မည်သည့်အနံ့မျှ ထည့်သွင်းခြင်း မပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ်အသုံးမပြုရန် ညွှန်ကြားချက်များ ကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စားသုံးဆီအမျိုးမျိုးသည် နေ့စဉ်စားသောက်မှုတွင် မပါမဖြစ် ထည့်သွင်းအသုံးပြုရသည့် အဓိက ကုန်စည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသော ဆီများကို စားသုံးမိပါက စားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသား ဆိုင်ရာအချက်များကို ဖော်ပြခြင်းမပြုပါက စားသုံးသူများအတွက် ယင်းတို့၏လိုအပ်ချက်နှင့် ကိုက်ညီ သည့် စားသုံးဆီများကို ရွေးချယ်ဝယ်ယူရန် အခက်အခဲဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း စားသုံးဆီ များကို အထူးဦးစားပေး စစ်ဆေးဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)